What is Y2k problem?
What is #Y2k_problem?
=====================================
Y2k problem ဆိုတာကို ကွန်တာပျူတာနဲ့ ရင်းနီးတဲ့သူတွေ နည်းပညာနဲ့ ရင်းနှီးတဲ့လူတွေ ကြားဖူးကြမှာပါ Y2k ဆိုတာဘာလဲ????????
Y2k ဆိုတာ Year 2000 ကိုအတိုကောက်ရည်ညွှန်းတာပါ "k" ဆိုတာ "kilo" ထောင်လို့ ရည်ညွှန်းပါတယ် Y2k problem ကို Y2k bug, Year 2000 bug, Millennium bug လို့ အမျိုးမျိုးခေါ်ကြပါတယ် 2000ပြည့်နှစ် မရောက်ခင် ဝန်းကျင်လောက်မှာ ကမ္ဘာတစ်ဝှမ်း computer နဲ့ပက်သက်ပြီး မှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းတွေ စတော့ရှယ်ရာဈေးကွက်တွေ အစိုးရရုံးတွေကို အကြီးအကျယ် တုန်လှုပ်ခြောက်ခြားမှု ဖြစ်စေခဲ့တဲ့ ပြသာနာ တစ်ရပ်ပါ 2000 ပြည့်နှစ်အစမှာတော့ ကမ္ဘာတစ်ဝန်းက ကွန်ပျူတာနက်ဝက်ခ် ချိတ်ဆက်မှုတွေကို အကြီးအကျယ်ပျက်စီးစေခဲ့ပါတယ်
Y2k problem ဘာကြောင့်ဖြစ်ရတာလဲ?????
အဖြေကတော့ 1990 ကျော် အစောပိုင်းနှသ်တွေမှာ ထုတ်ခဲ့တဲ့ ကွန်ပျူတာတွေမှာ program တွေရေးတဲ့အခါမှာ memory space သက်သာစေရန်အတွက် ဂဏန်းလေးလုံးပါတဲ့နှစ်တွေကို ဂဏန်းနှစ်လုံး အဖြစ် အတိုကောက်မှတ်သားခဲ့ပါတယ် ဥပမာ "1998" ဆိုရင် ကွန်ပျူတာက "98" ဆိုပြီးပဲ မှတ်သားပါတယ်
"12.9.1998" ဆိုရင် "12.9.98" လိုပဲ မှတ်သားပါတယ်
ရာစုနှစ်အကူးအပြောင်းဖြစ်တဲ့ "1999" ကနေ "2000" ကို အကူးအပြောင်းမှာတော့ ပြသာနာတက်ပါတော့တယ် ကွန်ပျူတာဟာ နောက်က ဂဏန်းနှစ်လုံး "00" ကို မှတ်တာဖြစ်တဲ့အတွက် "1900" နဲ့ "2000" မှားကာ ကွန်ပျူတာတွေမှာ date အမှားတွေဖြစ်ပြီး ကွန်ပျူတာတွေ ကမောက်ကမဖြစ်ပါတော့တယ်
ခရစ်နှစ် 2000 ခုနှစ် January လ 1ရက်နေ့မတိုင်ခင် အစားထိုးပြန်ပြင်ဆင်မရေးနိုင်ခဲ့ဖူးဆိုရင် computer တွေဟာ date အမှားတွေကြောင့် ပုံမှန်လုပ်ဆောင်နေကြ လုပ်ငန်းစဉ်တွေ ပျက်စီးထိခိုက်မှာကို ကြောက်ရွံ့ခဲ့ရပါတယ်
1999 ခုနှစ်မှာ ကြိုတင်ရေးဆွဲထားတဲ့ 2000 ပြည့်နှစ်အတွက် အနာဂတ်စီမံကိန်းတွေ ကြွေးမှီးမှတ်တမ်းတွေ အစိုးရုံးတွေရဲ့ record တွေ စတော့ရှယ်ယာဈေးကွက်တွေဟာ date အမှားတွေဖြစိပြီး ကမောက်ကမတွေ ဖြစ်ခဲ့ရပါတယ်
နိုင်ငံတကာသတိပေးချက်တွေ ထုတ်ပြန်ခြင်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ခြင်းကြောင့်သာ ပျက်စီးဆုံးရှုံးမှု နည်းခဲ့ရပါတယ် 2000 ပြည့်နှစ်မတိုင်ခင်
Septemper. 9 ,1999(9/9/99) မှာတောင် ကွန်ပျူတာတွေ အမှားအယွင်းဖြစ်မှာကို ကြောက်ခဲ့ရပါတယ် ဘာလို့လဲဆိုတော့ အဲ့ဒီ့ခေတ်က programmer တွေဟာ 9 ဂဏန်းအတွဲတွေကို program ပြီးပြီလို့ ညွှန်ပြတဲ့နေရာမှာ သုံးခဲ့ကြလို့ပါ
Y2k problem ရဲ့အဖြေက ဘာဖြစ်မလဲ???????
Y2k problem ကိုဖြေရှင်းဖို့ဆိုတာကတော့ computer နဲ့ ပက်သက်သမျှ hardware အားလုံးကို ဂဏန်းလေးလုံးပါတဲ့ နှစိအတွက် အထောက်အပံပေးနိုင်ရန် ပြင်ဆင်ပေးရမှာဖြစ်ပြီး file တွေ databases တွေ software တွေအားလုံးကိုလည်း ပြင်ဆင် upgrade လုပ်ပေးရမှာဖြစ်ပါတယ် အလွန်များပြားတဲ့ data file တွေနဲ့ application ထောင်ပေါင်းများစွာကို ပြင်ဆင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး အာမခံကုမ္ပဏီတွေနဲ့ bank တွေမှာသုံးတဲ့ စီးပွားရေးလုပ်ငန်းသုံး အကြီးစားကွန်ပျူတာတွေဖြသ်တဲ့ mainframe computers တွေနဲ့ Y2k ကိုဖြေရှငိးရန်စဉ်းစားခဲ့ပါတယ် ဒါပေမယ့် စနစ်အသစ်တွေ အသုံးပြုထားတဲ့ desktop computer တွေတောင်မှ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်
United state မှာတော့ December 1999 မတိုင်ခင်မှာ စီးပွားရေးနဲ့ အစိုးရနည်းပညာအသင်းအဖွဲ့တွေဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ စနစ်တွေကို စစ်ဆေးခြင်း software ပြန်လည်ပြင်ဆင်ခြင်းတွေ ပြုလုပ်ခဲ့ရပါတယ်
ခန့်မှန်းခြေ $300 billion လောက်ကို computer တွေနဲ့ application program တွေကို upgrade လုပ်ဖို့အတွက် သုံးစွဲခဲ့ရပါတယ်
ဒီအချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရော ဘာတွေဖြစ်နေလဲ? ???????????
မြန်မာ့ဆက်ဆွယ်ရေးဝန်ကြီးဌာနဟာ 1999 ခုနှစ်မှာ အင်တာနက်ဝန်ဆောင်မှုကို စတင်ပေးခဲ့ပါတယ်
အဲ့မတိုင်ခင် 1980 ပြည့်နှစ်ဝန်းကျင်လောက်ကတော့ ကြေးနန်းပို့တဲ့ စနစ်ကိုမှ ပိုမိုမြန်ဆန်စေရန် ဖက်စ်ထိုးတဲ့ စနစ်ပဲ အသုံးပြုနိုင်ခဲ့ပါသေးတယ် 1.4.1993 မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာနဲ့ ကြေးနန်းပို့ခြင်းစနစ်ဖြစ်တဲ့ Packet Switching System လို့ခေါ်တဲ့ စနစ်ကို စတင်ခဲ့ပါတယ်
9.4.1996 မှာတော့ မြနိမာ့ဆက်သွယ်ရေးဟာ ဆီးမင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ပါတယ် အဲ့ဒီ့အချိန်မှာတော့ ကွန်ပျူတာနဲ့ fax ပို့တာတင်မဟုတ်ပဲ Packet Switching Exchange လို့ခေါ်တဲ့ Data တွေပါ sharing လုပ်လို့ရတဲ့ စနစ်ပေါ်ပေါက်လာခဲ့ပါပြီ
Electronic Mail System လို့ခေါ်တဲ့ X.400 E.Mail စနစ်ကို 12.11.1997 မှာ စတင်သုံးစွဲခဲ့ပါတယ်
1998 မှာတော့ ကုမ္ပဏီတစ်ခုနဲ့ ထပ်မံစာချုပ်ချုပ်ဆိုကာ 1999 ခုနှစ်မှာတော့ အင်တာနက်ကို ကွန်ပျူတာနဲ့ စတင်သုံးစွဲနိုင်ခဲ့ပါပြီ အဲ့ဒီ့အချိန်က internet speed ဟာ 56kb/s ပဲ ရှိပြီးတော့ အစိုးရရုံအချို့မှာပဲ သုံးလို့ရပါသေးတယ်
အဲ့ဒီ့အချိန်မှာ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် Y2k ဟာ ဝင်သမပါတော့တယ် ထို့ကြောင့်ပဲ X.400 E.Mail စနစ်ကို Internet E.Mail သို့ ပြောင်းလိုက်ရပါတယ်
သေချာတာ တစ်ခုကတော့ ကမ္ဘာတစ်ဝန်းက တချို့ တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကွန်ပျုတာပညာရှင်တွေအတွက် Dec 31 1999 ကနေ Jan 1 2000 ကို အကူးအပြောင်းညမှာတော့ သူများတွေလို Happy New year လို့ မအော်နိုင်ခဲ့တာပါ
ဒီပိုစ့်လေးအတွက် အချက်အလက်တစ်ချို့ကို ပြောပြပေးပါသော ကွီးDavidJame အားကျေးဇူးတင်ရှိပါကြောင်း😁😁😁😁
#Genius
====================================
ယခုလိုဗဟုသုတလေးတွေကို စိတ်ဝင်စားလို့ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကပေးထားတဲ့ link လေးကနေ ကျနော့်ရဲ့ blog လေးမှာ ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါတယ်ခင်ဗျာ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
Please visit to my blog for your general knowledge
http://sisyannaing.blogspot.com

Comments
Post a Comment