Facebook account hack နည်းနှင့် ကာကွယ်နည်းများ part - 1

Facebook_account_hackနည်းနှင့်_ကာကွယ်နည်းများ_part_1
          ကျနော်အပါအဝင် လူတိုင်း လူတိုင်းဟာ အားလပ်ချိန်ရတာနဲ့ ဖုန်းလေးကိုင် data လေးဖွင့်ပြီး facebook လေး ပွတ်နေတတ်ကြတာ ကျနော်တို့နိုင်ငံမှာ အကျင့်တစ်ခုလိုဖြစ်နေကြပါပြီ။ လူတိုင်း လူတိုင်း facebook သုံးတတ် newfeed ပွတ်တတ်ကြပေမယ့်လည်း အကောင့်ဖောက်တာတို့ lock ကျတာတို့ဆို တချို့ချို့ ဆိုင်မှာ သွားလုပ်ခိုင်းကြရပါတယ်။ ကိုယ့်အကောင့်ကို ဘယ်လို လုံခြုံအောင်ထိန်းသိမ်းရမလဲဆိုတာလည်း သိပ်မသိကြပါဘူး။ တချို့ မိန်းကလေး အကောင့်တွေကို ဟက်ပြီး ပုံတွေကို ps နဲ့ပြင်ပြီး sex page တို့ sex group တို့လိုနေရာမျိုးမှာတင်မယ်ဆိုပြီး ငွေညစ်ကြတာတွေလည်း ရှိပါတယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ပြီးပြည့်စုံတဲ့ Cyber Law ရယ်လို့  အတည်တကျမရှိသေးပါဘူး။ 66D လို့ခေါ်တဲ့ ပုဒ်မဟာ အားနည်းချက်အချို့ရှိနေပါသေးတယ်။ သင့်ကို မကောင်းကြံချင်တဲ့ လူဟာ သင့်အကောင့်ကို ဟက်ပြီး သင့်အကောင့်ကနေ နိုင်ငံရေးနဲ့ ပက်သက်တဲ့ ပို့စ်ဖြစ်ဖြစ် သူတပါးကို ထိခိုက်နစ်နာစေသော အရေးအသား ပုံမျိုးတင်ပြီးတော့ပဲဖြစ်ဖြစ် သင့်ကို ချောက်ချသွားနိုင်ပါတယ်။ ဒီချိန်မှာ ထိခိုက်နစ်နာသူက မကျေနပ်လို့ ရဲတိုင်တဲ့အခါ သင်ဟာ ကိုယ်ဘာမှမလုပ်ရပဲ ကြားကနေ ဓားစာခံဖြစ်ခါ 66D နဲ့ အာမခံမရှိပဲ အချုပ်တွင်းဖမ်းဆီး စစ်ဆေးခံရနိုင်ပါတယ်။
အဲ့တာကြောင့် မိမိအကောင့်ကိုလုံခြုံအောင်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။ အကောင့်လုံခြုံဖို့ဆိုတာ ဟက်မယ့်သူရဲ့ နည်းလမ်းလေးတွေကို ကြိုတင်သိထားတဲ့အခါ ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ထိုကြောင့် ဒီနေ့မှာတော့ fb acc hack နည်းတွေထဲက တစ်ခုဖြစ်တဲ့ Phishing ဆိုတဲ့နည်းကို ဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်

#Phishing
          Phishing ဟာ FB Password hacking မှာ အသုံးများဆုံး popular အဖြစ်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Phishing page တစ်ခုပြုလုပ်ဖို့အတွက် အခြေခံနည်းပညာဗဟုသုတ အနည်းငယ်ရှိရုံမျှဖြင့် မည်သူမဆိုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီနည်းဟာ အသုံးများဆုံး ဖြစ်ရခြင်းပါ။ အစစ်အမှန်လို့ထင်ရလောက်အောင် ယုံကြည်ရတဲ့ layout ပုံစံတွေကြောင့် လူတော်တော်များများဟာ Phishing ရဲ့ သားကောင်ဖြစ်လာကြပါတယ်။

#Phishing_ဘယ်လိုအလုပ်လုပ်သလဲ
          Phishing ဆိုတာ user ရဲ့ password ဒါမှမဟုတ် တခြား အချက်အလက်တွေကို ရယူဖို့ မူရင်း website page ပုံစံအတိုင်း အတုတစ်ခုဖန်တီးပြီး လိမ်လည်ရယူခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ဥပမာအနေနဲ့ ပြောရရင် facebook login ဝင်တဲ့ page ပုံစံမျိုး အတုပြုလုပ်ခြင်းဖြစ်ပါတယ်။ ဥပမာ fakebook.com ဒါမှမဟုတ် faecbook.com အစရှိသဖြင့် page ရဲ့ လိပ်စာဖြစ်တဲ့ URL ကို အတုပြုလုပ်တာဖြစ်ပါတယ်။ ဒီနေရာမှာ user က ဒီ page ကို facebook login page အစစ်လို့ ထင်အောင်လုပ်ထားပြီး user ကို login ဝင်ဖို့ username နဲ့ password ကို တောင်းပါလိမ့်မယ်။ အဲ့ဒီမှာ phishing page ဆိုတာ မသိတဲ့ user ဟာ သူရဲ့ username နဲ့ password ကိုဖြည့်လိုက်တာနဲ့ username နဲ့ password ဟာ phishing page ဖန်တီးထားတဲ့ hacker ဆီကို ရောက်သွားပါပြီ။ တပြိုင်နက်တည်းမှာပဲ hack ခံရတဲ့ user ဟာ မူရင်း facebook page ကို ပြန်ရောက်သွားအောင် hacker ကလုပ်ထားမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ မောင်မောင်ဟာ programming ကျွမ်းကျင်သူတစ်ယောက်ဆိုပါစို့။ သူက username နဲ့ password ရဖို့အတွက် code အချို့ရေးပြီး FB login page အတုတစ်ခုကို ဖန်တီးထားပါလိမ့်မယ်။ အဲ့ဒီ့ page အတွက် လိပ်စာလို့ ခေါ်တဲ့ URL ကို ဒီလိုထား ထားပါလိမ့်မယ်။ http://www.facebouk.com/make-money-online-tricks
ပိုင်ပိုင်ဟာ မောင်မောင်နဲ့ Fri ဆိုပါစို့။ မောင်မောင်က ပိုင်ပိုင့်ဆီကို message အချို့ပို့ပါလိမ့်မယ်။
ဥပမာ "ဟေ့ကောင်ရေ ငါတော့ online ပေါ်ကနေ ပိုက်ဆံလွယ်လွယ်ရတဲ့ နည်းတစ်ခုတွေ့ထားတယ်ကွာ မင်းလည်း ကြည့်ချင်မယ်ထင်လို့ အောက်မှာ link ပေးထားတယ် link ကနေဝင်ကြည့်   http://www.facebouk.com/make-money-online-tricks "
အဲ့ဒီ့မှာ ပိုင်ပိုင်ဟာ အဲ့ဒီ့ link ကို ဝင်လိုက်တာနဲ့ မောင်မောင်အတုလုပ်ထားတဲ့ fb login page ကို ရောက်သွားပါလိမ့်မယ်။ page အစစ်ထင်ပြီး ပိုင်ပိုင်ဟာ သူ့ရဲ့ password နဲ့ username ကို ဖြည့်လိုက်တာနဲ့ username နဲ့ password ဟာ မောင်မောင့်ဆီကို ရောက်သွားပါပြီ။ ပြီးရင်တော့ ပိုင်ပိုင်ဟာ ခုနက URL အတုဖြစ်တဲ့ http://www.facebouk.com/make-money-online-tricks-tips.html ဆိုတဲ့ page ကိုပဲ ပြန်ရောက်သွားမှာဖြစ်ပါတယ်။ ခုဆိုရင်တော့ ပိုင်ပိုင်ရဲ့ အကောင့်ဟာ hack ခံလိုက်ရပါပြီ။

#Phishing_ကိုဘယ်လိုကာကွယ်မလဲ
          Hacker ဟာ သင့်ဆီကို email, personal messages, FB messages, website ads စတဲ့ နေရာပေါင်းစုံကနေ link အတုတွေပေးပို့နိုင်ပါတယ်။ တကယ်လို့ အဲ့ဒီ့ link တွေထဲကမှ FB Login page ကို ခေါ်သွားမယ့် link တစ်ခုကို click လိုက်လို့ FB login page တစ်ခုကို တွေ့တာနဲ့ သင်ဟာ URL အတုလား အစစ်လား သတိထားကြည့်သင့်ပါတယ်။

1.broswer addres bar မှာ ပေါ်တဲ့ URL ကို သေချာကြည့်ပါ။
2.http://www.facebook.com/  ဟာ အစစ်ဟုတ်ရဲ့လားဆိုတာ သေချာကြည့်ပါ။ (အဲ့ဒီ့စာသားတွေဟာ Google Chrome မှာဆိုရင် domain နဲ့ subdomain ကို ခွဲခြားပေးတဲ့ အရာဖြစ်လို့ သေချာကြည့်ပါ။ အောက်မှာပေးထားတဲ့ ဥပမာကိုကြည့်ပါ။) domain ဆိုတာ website ရဲ့ အမည်ဖြစ်ပါတယ်။ ရံဖန်ရံခါ website တစ်ခု့ရဲ့ address ကို ညွှန်းဆိုရာတွင် domain name ကိုသာဖော်ပြလေ့ရှိသည်။
3.address bar ထဲမှာ အစိမ်းရောင် လုံခြုံရေး အမှတ်အသားဖြစ်တဲ့ (https) ပါမပါ ကြည့်ပါ။

အထက်ပါအချက်သုံးချက်ကို သေချာသိထား မှတ်ထားရင် သင့်ရဲ့ အကောင့်ကို phishing ရန်က ကာကွယ်နိုင်ပါလိမ့်မယ်။
အောက်မှာ နမူနာ ပုံတွေ ပေးထားပါတယ် ပုံအောက်က စာလေးတွေကို ပုံလေးတွေကို နိပ်ပြီးဖတ်နိုင်ပါတယ်။


တချို့လူတွေဟာ အစိမ်းရောင် လုံခြုံရေး icon ဖြစ်တဲ့ https နဲ့ www.facebook.com မှာ စာလုံးပေါင်းအမှားမပါတာကြောင့် ဒီ page ကို အစစ်လို့ထင်ကြပါတယ်။ ဒါပေမယ့် ဒီ page ဟာ phishing page ပါ။ ဘာကြောင့်လဲ?????????
URL ကိုသေချာကြည့်ပါ။
http://www.facebook.co..infoknown.com ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် www.facebook.com ဟာ infoknown.com ရဲ့ subdomain တစ်ခုဖြစ်ပါတယ်။ Google Chrome ဟာ Firefox နဲ့မတူပဲ subdomain နဲ domain ကို မခွဲခြားထားပါဘူး။ SSL Certificate (HTTPS) ဖြစ်တဲ့ domain ကို ရောင်းစားတဲ့လူတွေ အများကြီး ရှိပါတယ်။ တချို့ဆိုရင် တစ်နှစ်စာ အလကားပေးကြတာလည်း ရှိပါတယ်။ ဒါပေမယ့် ဒါက Phishing page လုပ်တာနဲ့ သိပ်မဆိုင်ပါဘူး။ ဗဟုသုတအနေနဲ့ ဖော်ပြတာပါ

ဒါကတော့ Facebook ဆိုတဲ့ စကားလုံးကို အနည်းငယ်ပြင်ပြီး ထင်ယောင် ထင်မှားဖြစ်အောင် လုပ်ထားတဲ့ normal phishing page တစ်ခုပါ 


နောက်နေ့တွေမှာ တခြားနည်းလမ်းများကို ဗဟုသုတအဖြစ်တင်ပေးသွားပါမယ်။

သင်သိထားတဲ့ ဗဟုသုတလေးတွေကို အခြားသူတွေကိုလည်း မျှဝေလိုက်ပါ။
#Genius

ယခုလို ဗဟုသုတရဖွယ်အကြောင်းအရာလေးတွေကိုဖတ်ချင်တယ်ဆိုရင်တော့ page လေးကို like ပြီး အောက်ကပေးထားတဲ့ link လေးကနေ ကျနော့် blog လေးမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
My Blog👉http://sisyannaing.blogspot.com

Comments

Popular posts from this blog

ဖုန်း Bill hack ရအောင်

What is Y2k problem?

မြန်မာ့ဇာတ်သဘင် အပျိုတော်အကနှင့် ဆိုင်းအကြောင်းသိကောင်းစရာ အပိုင်း(၂)