Introduction Of C Language
C ဟာ အခြေခံကျပြီးတော့ အရေးကြီးတဲ့ computer programming language တစ်ခုဖြစ်ပါတယ် အခြား programming language တွေကို ထောက်ပံ့ပေးထားပါတယ်
C language ကို Dennis Richie နဲ့ Ken Thompson တို့က Bell Labs မှာ စတင်ပြီးတော့ develop လုပ်ခဲ့ပါတယ် Unix OS ကို အကောင်အထည်ဖော် အသုံးပြုရန်နဲ့.assembly language တွေ အစားသုံးရန် စသော ရည်ရွယ်ချက်များနှင့် develop လုပ်ခဲ့ခြင်းဖြစ်ပါတယ်
1989 ခုနှစ်မှာတော့ American National Standards Institute(ANSI) မှနေပြီးတော့ C ကို အဆင့်မြင့်ပီး ISO ရရှိခဲ့ပါတယ် အခုချိန်မှာတော့ C language ဟာ အသုံးအများဆုံး programming language တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်နေပါပြီ
C ဟာ အခြေခံကျပြီး အရေးကြီးတဲ့ language တစ်ခုဖြစ်ပါတယ် ၄င်းကို ရိုးရှင်းတဲ့ compiler အနေနဲ့ အသုံးပြုရန် memory မှာ low-level language တွေကို နားလည်နိုင်စေရန် ရှုပ်ထွေးတဲ့ machine language တွေအစား လူကပါ နားလည်ပြီး လွယ်ကူပေါ့ပါးတဲ့ language တစ်ခုဖြစ်စေရန် program တွေရဲ့ run-time ကိုနည်းပါးစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ design လုပ်ခဲ့ပါတယ်
၎င်းဟာ low-language တစ်ခုဖြစ်သော်လည်း cross-platform programming တစ်ခုဖြစ်စေရန် design လုပ်ခဲ့ပါတယ် စနစ်ကျပီး ရိုးရှင်းလွယ်ကူတဲ့ C language program ကို computer platform အမျိုးမျိုးနဲ့ Operating system တွေ အတွက် compile လုပ်နိုင်ပါတယ် C language ဟာ microcontrollers မှစ၍ supercomputer များအဆုံး အကျယ်ပြန့်ဆုံး အသုံးဝင်တဲ့ platform language တစ်ခုဖြစ်ပါတယ်
C ဟာဆိုရင် အခြား Programming language တွေ ဖြစ်တဲ့ C++, D, Go, Rust, Java, Java Script, Limbo, LPC, C#, Objective-C, Perl, PHP, Python, Verilog(hardware description language) နှင့် Unix's C shell တို့တွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အခြေခံနေပါတယ် အဆိုပါ language တွေဟာ သူတို့ရဲ့ control structure တွေနဲ့ အခြေခံ features တွေကို C language ကနေ အခြေခံထားကြပါတယ်
Reference-Wikipedia
Genius

Wooww... thanks for your sharing 😇
ReplyDeleteWooww... thanks for your sharing 😇
ReplyDelete