Introduction of computer and programming
Programming အကြောင်း လေ့လာရင် သူနဲ့ ပက်သက်နေတဲ့ computer အကြောင်းလေးတော့ အနည်းအကျဉ်း သိထားရမှာ ဖြစ်ပါတယ် ကဲ computer အကြောင်းလေး လေ့လာကြည့်ရအောင်
Computer တွေ ဆိုတာ electronic device တွေ ဖြစ်ပြီးတော့ program ရေးပြီးတော့ ထိန်းချုပ်ကာ အလုပ်လုပ်စေပါတယ် ဥပမာ ကျနော်တို့ လူတွေရဲ့ ခန္ဓာကိုယ်ကြီး နဲ့ ဦးနှောက်နဲ့လို ဖြစ်ပါတယ် ခန္ဓာကိုယ်ကြီးက ဒီတိုင်းအခွံကြီးဆို ဘာမှ မလုပ်နိုင်ပါဘူး ဦးနှောက်က ခိုင်းစေမှသာ လမ်းလျှောက်တာ လက်နဲ့ ပစ္စည်းကိုကိုင်တာ စသဖြင့် အလုပ်လုပ်နိုင်ပါတယ် ဒီလိုပါပဲ computer ဆိုတဲ့ ခန္ဓာကိုယ် အခွံကြီးကလည်း program ဆိုတဲ့ ဦးနှောက်ကြီးက ခိုင်းမှ လုပ်ပါတယ်
Computer အခွံကြီးကို တော့ Hardware လို့ခေါ်ပါတယ် ထိလို့ ကိုင်လို့ရ နိုင်ပါတယ်
Program တွေကိုတော့ အသိဉာဏ်ဖြစ်တဲ့အတွက် ထိလို့ ကိုင်လို့ မရနိုင်ပါဘူး သူ့ကိုတော့ software လို့ ခေါ်ပါတယ်
Computer တွေဟာ အရင်တုန်းက ဒီလို အရွယ်မဟုတ်ပါဘူး အခန်းတစ်ခန်းစာ အဆောက်အဦးတစ်လုံး နီးပါး အရွယ်အစား ဖြစ်ပါတယ် တဖြည်းဖြည်း ခေတ်အဆက်ဆက် အဆင့်မြင့်ရင်း ဒီအရွယ် ရောက်လာတာပါ စွမ်းဆောင်ရည်တွေလည်း ပိုမိုကောင်းမွန်လာကြတာပါ
Generation အနေနဲ့ ငါးဆက်ထိ ရှိခဲ့ပါပြီ
First-Generator computers
ဒီကွန်ပျူတာကိုတော့ 1890 မှာ လူဦးရေ စာရင်း ကောက်ခံရာမှာ စတင်ထွင်ပြီးတော့ အသုံးပြုကြရာမှ computer ရယ်လို့ ဖြစ်လာတာပါ (စထွင်ခဲ့တဲ့ company ဟာ အခု IBM ရယ်လို့ နာမည်ရနေတဲ့ company ဖြစ်ပါတယ်)
အဆိုပါ ကွန်ပျုတာတွေကို punch card computer တွေလို့ ခေါ်ပါတယ် အချက်အလက် Input Output တွေအတွက် အပေါက်ဖောက်ထားတဲ့ သံပြားတွေကို သုံးပါတယ် အသုံးများဆုံး ကဒ်တွေမှာ ကော်လံ 80 ထိ ပါရှိပါတယ် အလျား 18 cm အနံ 8 cm လောက်ထိ ရှိပါတယ် ကော်လံတစ်ခုစီတွင် အပေါက်ဖောက်ထားသည့်အနေအထား 12 ခုရှိပါတယ် ယေဘုယျအားဖြင့် 1 ကနေ 5 အထိ ဂဏန်းများ အတွက် သီးသန့်အပေါက်တစ်ခုကို သုံးပါတယ် အပေါက်နှစ်ခု ပေါင်းစပ်လိုက်ရင် အခြား character တစ်ခု ဖြစ်လာပါတယ် card code အချို့မှာ ကော်လံတစ်ခုအတွင်း အပေါက်သုံးပေါက်သုံးပါတယ်
1936 မှာ တွက်ချက်မှု နည်းပညာကို Alan Turing က ထည့်ပေးခဲ့ပါတယ်
မီးလုံး(Vacuum tube) သုံး ကွန်ပျူတာတွေကိုတော့ 1950 မှာ စထွင်ခဲ့ပါတယ် storage ပမာဏဟာ အလွန်နည်းပြီး အကန့်အသတ်ရှိပါတယ် လုပ်ဆောင်မှု မြန်နှုန်း (speed) ကတော့ millisecond လောက်ထိပဲ ရှိပါသေးတယ်
Second-Generator computers
ဒီကောင်တွေကိုတော့ 1960 မှာ စထွင်ခဲ့ပါတယ်
semiconductor တွေဖြစ်တဲ့ transistor တို့ diode တို့က vacuum tube နေရာမှာ အစားဝင်လာကြပါပြီ နေရာယူမှုနည်းလာသလို speed ကလည်း microsecond အထိ မြန်လာပါပြီ punched card တွေ အစား magnetic tape တွေကို သုံးလာပါတယ် storage ပမာဏလည်း ပိုများလာပါပြီ
Third-Generation computers
1970 မှာ intel ရဲ့ integrated circuit တွေကို သုံးလာတဲ့အတွက် အရွယ်အစားသေးလာသလို speed ကလည်း nanosecond လောက်အထိ မြန်လာပါတယ် input output အတွက် ဖန်သားပြင်လို display တွေကိုသုံးလာပါပြီ
Fourth-Generation computers
Micro processor chip တွေ သုံးနိုင်ပြီဖြစ်တဲ့ အတွက် speed ကလည်း nano & picosecond လောက်အထိ မြန်လာကြပါပြီ pc လို တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေလည်း ပေါ်လာပါပြီ
Microprocessor ပေါ်လာတဲ့ အတွက် mini & micro computer တွေလည်း ပေါ်လာပါပြီ ယနေ့သုံးနေကြတဲ့ ကွန်ပျူတာ ပုံစံတွေပါ
Fifth-Generation computer
Super Large-Scale Integration(SLSI) chip တွေသံုးတဲ့ super computer တွေ ဖြစ်ပါတယ်
Millions of instruction per second(MIPS) လောက်ထိ speed ကလည်း မြန်ပါတယ် processing speed ကလည်း အတော်မြန်လာပါတယ် processing အတွက် RICS(reduced instructions set computing) တွေကို သုံးပါတယ် ဈေးတော့ အတော်ကြီးပါတယ် 😛
ကဲ computer ကြီး အဆင့်ဆင့်တိုးတက်လာပုံကိုတော့ သိရပီပေါ့
Computer နဲ့ programming ဟာ လင်မယားနဲ့လည်း တူပြန်ပါတယ် (ဥပမာတွေ နည်းနည်းများသွားပြီ😛)
ယောင်္ကျားဖြစ်တဲ့ ကွန်ပျူတာဟာ အလွန်တုံးပါတယ် သူ့မှာ သိတာဆိုလို့ 0 နဲ့ 1 ဆိုတာလေးပဲ သိပါတယ် တုံးလွန်းတဲ့ အတွက် မိန်းမ(program) ကခိုင်းသမျှ လုပ်ရပါတယ် ဒါပေမယ့် မိန်းမခိုင်းတာ တော်ရင်တော်သလို သူက hero အကြီးအဖြစ် အကုန်လိုလုပ်နိုင်ပါတယ်
ယောင်္ကျားအကြောင်း သိပြီးပြီဆိုတော့ မိနးမအကြောင်း လေ့လာကြည့်ရအောင်
ခုနက ကွန်ပျူတာက 01 ပဲ သိတယ်လို့ပြောခဲ့ပါတယ်
0101 1110 0001 1010 1100(လျှောက်ရေးတာ😁)
ခုနကလိုရေးလိုက်တာကို လူက နားမလည်ပေမယ့် ကွန်ပျူတာက နားလည်ပါတယ် အဲ့လို ကွန်ပျူတာ နားလည်အောင်ရေးတဲ့ ရေးတဲ့ language တွေကို programming language လို့ခေါ်ပါတယ် ခုနက 01 တွေနဲ့ ရေးတဲ့ language ကိုတော့ machine language လို့ခေါ်ပါတယ် ယနေ့ခေတ် developer တွေကတော့ high level language တွေ ကိုသုံးပါတယ် သူတို့ကတော့ လူကလည်း 70% လောက်ထိ နားလည်သလို ကွန်ပျူတာကလည်း နားလည်ပါတယ် machine language နဲ့ high level language တွေကြားဆက်သွယ်ပေးတဲ့ကောင်တွေကိုတော့ low level language လို့ခေါ်ပါတယ်
Program ကို 1930 မှာ စတင်တီထွင်ရေးသားခဲ့ကြာပါတယ် လူသိများတဲ့ Assembly language (low level language တစ်ခု) ကိုတော့ 1950 မှာ စထွင်ပါတယ် low level language တွေဟာ ကြားခံမပါတဲ့အတွက် မြန်ပါတယ် ဒါပေမယ့် ပိုမိုရှုပ်ထွေးကာ ရေးရတဲ့လူလည်း လက်ညောင်းပါတယ် အများဆုံး သုံးတဲ့နေရာတွေကတော့ security ပိုင်းနဲ့ performance ပိုင်းတွေမှာ ဖြစ်ပါတယ်
1969 လောက်မှာC language ကို စတင် လူသုံးများလာပါတယ် နောက်ပိုင်းမှာတော့ C ကိုအခြေခံပြီး language တွေ ထွက်လာတဲ့ အတွက် သူက ဘွားအေကြီးဖြစ်သွားပါတယ်
C++ ကို 1980
Java ကို 1990 အလယ်ပိုင်း
JavaScript ကို 1995
VB ကို 1998
C# ကို 2001
PHP ကို 2004 အသီးသီးပေါ်ပေါက်လာပါတယ်
(ကွန်ပျူတာဆိုတဲ့ကောင်ကြီးက တော်တော်ဆော်ကြည်တာပဲ)
ဟုတ်ကဲ့ ဒီနေ့တော့ ဒီလောက်ပါပဲ နောက်နေ့များမှာလည်း တန်ဖိုးရှိတဲ့ knowledge
တွေကို မျှဝေပေးမှာ ဖြစ်တဲ့အတွက် ကျနော့် blog လေးကို လာရောက်ဖတ်ရှု့စေချင်ပါတယ် ခင်ဗျာ
Genius
Comments
Post a Comment