မြန်မာ့ဇာတ်သဘင် အပျိုတော်အကနှင့် ဆိုင်း အကြောင်း သိကောင်းစရာ အပိုင်း(၁)
မြန်မာ့ဇာတ်သဘင် အပျိုတော်အက နှင့် ဆိုင်း ကြောင်း သိကောင်းစရာ အပိုင်း(၁) =====================================
မြန်မာနိုင်ငံမှာ နိုင်ငံမှာနေသူတိုင်း မြန်မာ့ရိုးရာဇာတ်ပွဲသဘင်ကို ကြည့်ဖူးကြမည်ထင်ပါသည်။ ဇာတ်သဘင်ဆိုတာ မြန်မာ့ရိုးရာအမျိုးသားယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပါသည်။မြန်မာ့ဇာတ်သဘင်ဟာ ဟိုးနန်းတွင်းခေတ်မှသည် မြေဝိုင်းအက စင်မြင့်အက စသဖြင့် ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာကာ ယခုအချိန်ထိ အဓွန့်ရှည်တည်တံနေသော ရိုးရာယဉ်းကျေးမှုတစ်ရပ်ပင် ဖြစ်သည်။ ဇာတ်ပွဲဆိုတာ ကတတ်သူ မကတတ်သူ လူမျိုးဘာသာမရွေးပွဲကြည့်ပြီး အနုပညာရသပေါင်းစုံကို ခံစားနိုင်ကြပါသည်။ နိုင်ငံနှင့်လူမျိုးကို အကျိုးပြုနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ပါတယ်။ သဘင်ပညာရှင်များဟာ "သမား"ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် စာပေကျမ်းဂန်ဗဟုသုတနဲ့လည်း ကြွယ်ဝပြည့်စုံလို့ သာယာငြိမ့်ညောင်းတဲ့ တေးဂီတအဆိုအကတွေနှင့် သဘင်လောကကြီးကို အလှဆင်ခဲ့ကြတာဖြစ်ပါတယ် ဇာတ်ပွဲတွေကတဲ့အခါ ပွဲထွက်ဘုရားကန်တော့ခန်းပြီးတဲ့အခါ နတ်ဒိုးတီး နတ်ချင်းညည်း၍ ထွက်တဲ့ အပျိုတော်အကအကြောင်း ဗဟုသုတရဖွယ်ရာများကို 2004 ခုနှစ်ထုတ် စောမုံညင်းရေးသားသည့် ယဉ်ကျေးမှု အနုပညာအတွဲ(3) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ရပါသည်။
ဇာတ်ပွဲတွင် ဘုရားကန်တော့ခန်းထွက်ပြီးနောက် ရှားနီခေါင်းစည်း ရင်စည်းနှင့် သရုပ်ဆောင်ပြီး လက်နှစ်ဖက်မှာ ဒေါင်းတောင်နဲ့ ကတာလည်း ရှိပါတယ်။ ဒေါင်းဆိုတာ နေမင်းကို ရည်ညွှန်းတာပါပဲ။ နေမင်းရဲ့ အဆွေ "လမိုင်း" နတ်ကတော်လို့ခေါ်ကြောင်းသိရပါတယ်။ ကမ္ဘဦးသူတို့၏ အစွဲအလမ်းအရ ကဝါလမိုင်းဆရာကြီးသမီး လမိုင်းမလေးသဏ္ဌာန် နှင့် အပျိုတော်ဆိုတဲ့ မိန်းမရုပ်သဏ္ဌာန်က ပွဲဦးထွက်ရတယ်လို့ဆိုပါတယ်။ အပျိုတော်မထွက်မီ ခုနှစ်သံချီတီးရတာက ကမ္ဘာသစ်ပင်ကြီး ခုနှစ်ပင်ဖြစ်တဲ့ ကုက္ကို ၊ ထိန်ပင် ၊ ပဒေသာပင် ၊သပြေပင် ၊ လက်ပံပင် ၊ သစ်ခွတ်ပင်နှင့် ကသစ်ပင်တို့ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ သခွတ်ပင်က အသူရာ၊ ကသစ်ပင်က သကြားမင်းကို ရည်ညွှန်းတယ်လို့ သိနိုင်ပါတယ်။ နတ်ကတော်နှင့် အပျိုတော်ဆိုတာကလည်း မတူပါဘူး။ ပထမနေ့မှာပဲ နတ်ကတော်က နတ်သံပစ်ပါတယ်။ အပျိုတော်ကနောက်မှ သီချင်းမဆိုပဲ ထွက်ရတာပါ။ နတ်ကတော်မထွက်ခင် ဆိုင်းက သုံးကြိမ်တိုင်တိုင် စစ်တိုင်ပေးရပါတယ်။ ကမ္ဘာကြီးကို မီး၊ရေ၊လေ က ဖျက်စီးလို့ ပျက်စီးတဲ့ နိမိတ်ကို ရည်စူးပြီး ကမ္ဘာပြုမိုးကြီးရွာက ပြန်လည်ကမ္ဘာသစ်တည်တဲ့ သဘောနှင့် သိကြားနတ်များ ဆင်းသက်လာပုံကို စစ်တိုင်ခြင်းပဲ ဖြစ်ပါတယ်။
ကမ္ဘာပျက်ခါနီးမှာ လောကဗျူဟာနတ်သားက ကြွေးကြော်တဲ့ ပုံအနေနှင့် ကားလိပ်ကြားထဲက ချပ်ချပ်ချပ် ဒူးဟူဟူ ဆိုတဲ့ မောင်းနှင့် လင်းကွင်းသံကို ကြားရခြင်းဖြစ်ပါတယ်။ လင်းကွင်းကခေါ်ပြီး မောင်းကထူးတဲ့သဘော လေ မီး မိုး သုံးကြိမ် ပတ်ကြမ်းတိုက်တာ ဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း ပတ်လုံးတွေတီးတာကို ပတ်ကြမ်းတိုက်တယ်လို့ ဝေါဟာရကျန်ခဲ့တာပါပဲ။ ဗိန်းဗောင်းပတ်ကြမ်းသုံးကြိမ်တိုက်တာကလည်း "ကပ်သုံးကပ်" ပျက်တာ၊ ကမ္ဘာပြုမိုးရွာတာကို ပြခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီ့အခါ လောကသုံးပါးတည်တဲ့ သဘောနဲ့ ခုနှစ်သံချီ တျာယိုင်များကို တီးကြပါတယ်။ ရွှေဘုန်းတော်တိုးပါလို့ဆိုတဲ့ သီချင်းကို ကြားမိကြပါလိမ့်မယ်။ သုံးကြိမ်တီးပြီးတဲ့အခါ အပျိုတော်ထွက်ဖို့ တျာယိုင်ကို စရပါတယ်။ နတ်ကတော်ဆိုင်းကလည်း သီးသန့်ဖြစ်ပါတယ်။ သီချင်းကလည်း သီးသန့်ပါ။ ဘွဲ့ခံ၊ သပြေခံ၊ ဂဠုန်တောင်အတီးတွေနှင့် စားတော်တိုက်တဲ့ ပညာကို ဆိုင်းပညာရှင်များသာ နားလည်ကြပါတယ်။ ဒီအချိန်မှာ နတိကတော်ဟာ ငှက်ပျောပွဲကို မကိုင်သေးပဲ သီချင်းနှစ်ပိုဒ်အပြီးမှ နတ်ဒိုးသံနဲ့အတူ မင်္ဂလာရယ်မှ မဏ္ဍိုင်ကို ဆိုရပါတယ်။ သိကြားခွာပြီးမှသာ အပြုံးအရွှင်သဘောနဲ့ မြူးကြွကြွ အရွှန်းကကြိုးကို ကရပါတယ်။ နောက်ရက်များမှာတော့ နတ်ကတော်မဟုတိပဲ အပျိုတေိာသာ ပွဲဦးထွက်ကရပါတယ်။ သီချင်းကြီးထဲက ဆန္ဒန်အိုင်သာကိုလည်း တီးကြပါတယိ။ နတ်သံနှင့် အကဲခတ်ကြတာမို့ မင်းသမီးရဲ့ ပညာအတိမ်အနက်ကို သိနိုင်ပါတယ်။ အပျိုတော်အကကို ကုန်အောင်ကမယ်ဆိုရင် တစ်နာရီနီးပါးကြာပါတယ်။ အပျိုတော် (၁၂) ခန်းအကမှာ မျက်စပစ်၊ ရင်လှုပ်၊ တင်လှုပ်ကရတယ်။ ဆိုင်းပညာသည်များနှင့် အချီအချ နောက်ပြောင်ကျီစယ်လေ့ရှိကြပါတယ်။ အပျိုတော် မရှပ်တေးကပါတော့လေး အပျိုတော်မကတတ် ဝါးလုံးကြီးနှင့် ညှပ်ဆိုပြီး ကသိသအောက်ဖြစ်အောင် ဆိုင်းကို တီးပေးတာမျိုးလည်း ရှိပါတယ်။
#Genius
========================================================================
အပိုင်း(၂) မျှော်
ယခုလို ဗဟုသုတရဖွယ်ရာ အကြောင်းအရာများကို စိတိဝင်စားတယ်ဆိုရင်တော့ အောက်ကပေးထားတဲ့ link လေးကနေ ကျနော့်ရဲ့ blog လေးမှာ ဝင်ရောက်ဖတ်ရှု့လေ့လာနိုင်ပါတယ် ခင်ဗျာ
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
Please visit to my blog for your general knowledge
http://sisyannaing.blogspot.com

Comments
Post a Comment