ကျနော်သိသမျှ Cambridge University အကြောင်း
#ကျနော်သိသမျှ_Cambridge_University_အကြောင်း
====================================
Youtube က Jake Wright ရဲ့ video လေးတွေ ကြည့်ပြီး Cambridge University ကြီး စွန်းတက်ချင်သွားတယ် သူတို့ နေရ ထိုင်ရ စားရသောက်ရ တာတွေရော စာသင်ကြားမှု ပုံစံတွေရောက ရှယ်ပဲ ကြည့်ရသလောက် နားလည်သလို ပြန်ပြောရရင် ......
#နေထိုင်မှုပုံစံ
အဆောင်တွေက ကျောင်းဝင်းထဲမှာပဲ ကျောင်းဝင်းကြီးကလည်း အနည်းဆုံး ရပ်ကွက်တစ်ကွက်စာလောက်ရှိမယ်ထင်တယ် အဆောင်လခတွေဘာတွေတော့ ကျောင်းလခထဲကပဲ တစ်ခါတည်းပေါင်းပေးရမယ်ထင်တယ် semester အလိုက်ပေးရတာထင်တယ် ကျောင်းသားအတွက် တစ်ယောက်ခန်းက ဒီမှာလို နှာခေါင်းပေါက်လောက်မဟုတ်ဘူး ရန်ကုန်က အတန်အသင့်ခပ်ကောင်းကောင်း တိုက်ခန်းတစ်ခန်းစာလောက်ကို ရှိတယ် ကျောင်းပတ်ဝန်းကျင်ကလည်း မြက်ခင်းလေးတွေ မြစ်လေးတွေနဲ့ တကယ့်နေချင်းစရာကြီး သန့်တာပြန့်တာတွေတော့ မပြောတော့ပါပုလေ ....
ပြီးတော့ lecture လိုက်ဖို့ သွားတာတို့ စာကြည့်တိုက်သွားတာတို့အတွက် ကျောင်းဝင်းထဲမှာ စက်ဘီးတစ်စီးရှိရင်အေးဆေးပဲ ကျောင်းသားတော်တော်များများလည်း စက်ဘီးစီးကြတာများတယ်......
#စားသောက်မှုပုံစံ
ကျောင်းဝင်းထဲမှာရော ကျောင်းဝင်းနားမှာရော ကန်တင်းတွေ တစ်ပုံကြီးပဲ အများအားဖြင့် အကုန်လုံးနီးပါးက ဘူဖေးလိုဆိုင်တွေများတယ် ကျောင်းလက်အောက်က ဆိုင်တွေမှာဆိုရင် နေ့စဉ် အပတ်စဉ် လစဉ်အလိုက် ရနိုင်မယ့် အစားအသောက် Menu ကို website မှာ ဈေးနှုန်းနဲ့တကွ ထိုင်ကြည့်ရုံပဲ
ကောင်းတာမကောင်းတာတော့ မပြောတတ်ဘူးပေါ့ 😜
#Weekend_holiday
ကျောင်းပိတ်ရက်တွေဆို ကျောင်းသားစုလုပ်တဲ့ party တွေ တက်လို့ရတယ် club တွေမှာ သွားကမလား အရပ်ဘားမှာပဲ သွားနှပ်မလား 😜 ကျောင်းနားကမြစ်ထဲမှာပဲ လှေစီးမလား သူငယ်ချင်းတွေ စုပြီး ကျောင်းဝင်းထဲက မြက်ခင်းစိမ်းစိမ်းတွေပေါ် ပျော်ပွဲစားထွက်မလား အပန်းဖြေစရာတွေ အများကြီး.....
အုပ်စုလိုက်လှုပ်ရှားရတဲ့ အားကစား club တွေ အနုပညာနဲ့ပက်သက်တဲ့ အဆို အက အတီး စတဲ့ club တွေမှာလည်း member ဝင်ထားပြီး ပါဝင်လှုပ်ရှားလိုရပါတယ် အဲ့လို member ဝင်ထားခြင်းဖြင့် သူငယ်ချင်းအသစ်တွေလည်း ရနိုင်ပါတယ်
ကဲ အပြောချင်ဆုံး အကြိုက်ဆုံးအရာလာပြီ
#Lecture_and_exam
ကိုယ်တွေဆီမှာလို lecture ကို နေ့တိုင်း တစ်မေ့တစ်မောကြီး တစ်နေကုန် သွားထိုင်စရာမလိုသလို roll call ရရုံသက်သက်လည်း ငုတ်တုတ်သွားမငိုက်ကြဘူး ကျောင်းစတက်ပြီးဆိုတည်းက semester တစ်ခုစာ ဒါမှမဟုတ် တစ်နှစ်စာ အချိန်ဇယားပေးပြီးသား အချိန်ဇယားထဲမှာ ဘယ့်နေ့ ဘယ်အချိန်မှာ ဘယ်ဆရာက ဘယ်အခန်းထဲမှာ ဘာခေါင်းစဉ်နဲ့ ပက်သက်ပြီး lecture ပေးမှာဆိုတာ အကုန်ပါပြီးသား ကျောင်း website မှာလည်း ဝင်ကြည့်လို့ ရတယ်
Lecture ကို နေ့တိုင်းကြီးလိုက်စရာမလိုဘူး တစ်ပတ်ကိုမှ တစ်ရက် နှစ်ရက်လောက်ပဲ
Roll call ဆိုတာတော့ သေချာမသိလိုက်ဘူး😁 သင်ပေးတဲ့ ဆရာတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ တကယ်အလုပ်လုပ်နေကြတဲ့လူတွေ PhD အဆင့်လောက်တွေချည်းပဲ ကိုယ်သင်ပြတဲ့ lecture နဲ့ ပက်သက်ပြီး ကျွမ်းကျင်သလို စာအသင်အပြကလည်း မပျင်းအောင် ဟာသတွေပြောလိုက် စိတ်ဝင်စားအောင်လည်း သင်နိုင်တယ် ပြီးတော့ lecture တစ်ချိန်လိုက်ပြီး lecture မှာသင်သွားသမျှ slide တွေ အကုန်လုံး ဆရာဆီမှာ print သွားထုတ် အခန်းရောက်ရင် ပြန်ကြည့်ရုံပဲ များသောအားဖြင့် lecturers တွေက theory တွေ သဘောတရားတွေလောက်ပဲရှင်းသွားကြတယ် ကိုယ့်ဘာသာ အခန်းထဲမှာ သေချာပြန်ကြည့် နားမလည်တာရှိ စာကြည့်တိုက်သွား စာအုပ်ရှာဖတ် computer lab room တွေမှာရှာ စာကြည့်တိုက်မှာလည်း computer တွေနဲ့ wifi နဲ့ ရှာလို့ရတယ် ဒါမှ နားမလည်ရင် မှတ်ထားပြီး ကိုယ့်ရဲ့ supervisor ဆီ email ပို့ထား supervisor က ချိန်းတဲ့နေ့သွားပြီး မေးရုံပဲ supervisor ဆိုတာက ကိုယ့်ထက်အတန်းကြီးတွေ ဒီမှာလိုဆိုရင်တော့ first year သမားကို second year သမားက စာပြန်ပြရသလိုပေါ့ သူတို့ဆီမှာက supervisor ဆိုပြီး ရှိတာ ကိုယ်ကလည်း ပြန်ပြရတာရှိတယ် များသောအားဖြင့် ကျောင်းသားတော်တော်များများက အခန်းထဲမှာနဲ့ စာကြည့်တိုက်တွေမှာ စာတကုတ်ကုတ်လုပ်ရင်း အချိန်ကုန်ကြတာများတယ်
သင်ရမယ့် semester တစ်ခုလုံးစာ course အကုန်ပြတ်ပြီး ကိုယ်လည်း စာရတာ သေချာပြီဆို သက်ဆိုင်ရာ ဋ္ဌာနမှာသွားပြီး စာမေးပွဲဖြေဆိုတာ သွားလျှောက် ပြီးရင် ဋ္ဌာနကနေ မေးခွန်းပေးလိုက်တာ မေးခွန်က ကျောင်းသားတစ်ယောက်ချင်းစီအတွက် ဋ္ဌာနမှာ ready ရှိပြီးသား မေးခွန်းယူပြီး ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ သွားဖြေလို့ရတယ် တစ်ခုရှိတာက နှစ်ပတ်ဆို နှစ်ပတ် သုံးပတ်ဆို သုံးပတ် ဋ္ဌာနက ပေးလိုက်တဲ့ deadline အတွင်းတော့ paper ထပ်နိုင်ဖို့ လိုတာပေါ့ မေးခွန်းပုံစံက ဒီမှာ အလွတ်ကျက်မဟုတ်ပဲ တကယ်နားလည်မှ ဖြေနိုင်မယ့်မေးခွန်းမျိုးတွေ စာတမ်းပြုစုရတဲ့ ပုံမျိုး paper ရေးရတာပေါ့ စာကြည့်တိုက်တွေ မှာ စာဖတ် သေချာ lab လုပ်ကြည့်ပြီးမှ ဖြေရတာ စာအုပ်ထဲက ကူးချတာတို့ internet ကကူးတာတို့ ဆိုရင်လည်း စာမေးပွဲစစ်တဲ့လူက သိတယ် လုပ်လို့မရဘူး တကယ်နားလည်မှသာရေးနိုင်မဲ့ paper မျိုးတွေ
ဖြေရတဲ့ပုံစံက အဲ့လိုဆိုတော့ exam stress သိပ်မခံရတော့ဘူး သူတို့မှာ deadline အမီ paper တင်နိုင်ဖို့လောက်ပဲ ဒီမှာလို အလွတ်ကျက်ရတာတွေ semester တစ်ခုလုံးစာကို 3 နာရီ ထဲနဲ့ ခေါင်းထဲ ပြွတ်သိပ်ထည့်ပြီး သွားဖြေစရာမလိုတော့ဘူး
ဖြေပြီးရင်တော့ Result စောင့်ရုံပဲ result ကိုလည်း အခန်းထဲကနေ ကျောင်း website ထဲဝင်ပြီး ကြည့်ရုံပဲ
Result ထွက်တဲ့နေ့ ညဆိုရင် ကျောင်းဝင်းထဲက မြက်ခင်းပြင်ကြီးထဲမှာ ယာယီ ရွက်ဖျင်တဲအကြီးကြီတွေထိုးပြီး dj နဲ့ ဒွန့်ဒွန့် သံစုံတီးဝိုင်းနဲ့ ဒွန့်ဒွန့် တခြား အစီအစဉ်တွေ အမျာုးကြီးနဲ့ party အကြီးကြီး မိုးလင်းပေါက်နွှဲပီး ခေါင်းဆေးကြ ပျော်စရာကြီးပဲ
မှားနေတာရှိရင်လည်း ပြင်ပေးသွားကြပါ မသိသေးတာရှိရင်လည်း ပြောပေးသွားကြပါ 😁
သင်သိထားတာတွေကို သူငယ်ချင်းတွေ နဲ့ မျှဝေလိုက်ပါဦး
#Genius
ယခုလို ဗဟုသုရဖွယ် အကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ page လေးကို like ထားဖို့မမေ့နဲ့နော်
ကျနော့် blog လေးဖြစ်တဲ့
http://sisyannaing.blogspot.com
မှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် ခင်ဗျာ

Comments
Post a Comment