Different Types Of Social Engineering Attacks
Different Types Of Social Engineering Attacks,
Social Engineering ဆိုတာအဓိကအားဖြင့်
ကိုယ့် victim ရဲ့စိတ်ပိုင်းဆိုင်ရာကိုလှည့်ဖျားပြီး
ကိုယ်လိုချင်တဲ့သတင်းအချက်တွေကိုအရယူခြင်းပါ။
တခါတလေမှာတော့ သတင်းအချက်အလက်ဆိုတာအပြင်
Hacking ရဲ့နောက်တဆင့်ကိုတက်ရာမှာ
အရေးအပါဆုံးအစိတ်အပိုင်းဖြစ်တဲ့
Trojan, Malware, Backdoor app တွေကို
လိမ်ညာထည့်သွင်းခိုင်းတာတွေ ၊
Attacking အတွက်ကြိုတင်ပြင်ဆင်ထားတဲ့
website, access point အစရှိတဲ့နေရာတွေကို
Victim ရောက်လာအောင်
ဖျားယောင်းသွေးဆောင်ခေါ်ယူတာတွေလည်း ပါပါလိမ့်မယ်။
ကြားဖူးမှာပါ ... တချို့တွေ။
ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် ၊ Email ကနေဖြစ်ဖြစ်
Company အယောင်ဆောင်ပီး
bank account password တောင်းတယ်ဘာညာ ၊
ဒါဟာလည်း Social Engineering ပညာရပ်ထဲက
fraud လို့ခေါ်တဲ့နည်းစနစ်တစ်ခုပါပဲ..
လိမ်လည်လှည့်ဖျားခြင်း ၊ အယောင်ဆောင်ခြင်းဆိုပါတော့။
အဓိကအားဖြင့်တော့ -
ကိုယ် attack လုပ်မယ့်သူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလှည့်စားတယ် ၊
သူအားနည်းချက်ကိုရှာဖွေပြီး
လောဘနဲ့မက်လုံပေးပြီးမျှားခေါ်တယ်။
ပြီးရင် ကိုယ်လိုချင်တဲ့အချက်အလက်တွေဆွဲထုတ်တယ် ... ဒါပါပဲ။
ဒီလို Social Engineering Attack တွေထဲကမှ
လက်လှမ်းမှီသလောက်ကို မျှဝေခြင်းပါ။
မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ၊ ဆင်ခြင်တတ်စေဖို့ရည်ရွယ်ပါတယ်။
1. PHISHING
Social Engineering ရဲ့ အတွေ့ရအများဆုံးပုံစံပါ။
Website တွေ Login page တွေ အတုလုပ်မယ်။
ပြီးရင် အယောင်ဆောင်အနေနဲ့
တဖက်ကို email, message စတာတွေကနေတဆင့်
Link တွေပို့ပြီး Login ၀င်ခိုင်းမယ်အစရှိသည်ဖြင့်ပေါ့။
အကယ်၍ တဖက်ကသေချာစစ်ဆေးခြင်းမရှိပဲ
ယုံစားပြီးဝင်မိမယ်ဆိုရင်တော့
ကိစ္စပြတ်ပြီပေါ့ .....။
2. SPEAR PHISHING
========================
Phishing ရဲ့မူကွဲတစ်မျိုးပါပဲ ၊ သို့သော်သူကတော့
အပေါ်မှာမိတ်ဆက်ခဲ့သလို
Phising ထက်ပိုတဲ့အချက်တွေပါတယ်။
အဓိကအားဖြင့် Login Page တွေဘာတွေအပြင်
malware app ကို Download & install လုပ်ခိုင်းတာ စသည်ဖြင့်ပေါ့။
3. VISHING
=============
Social Engineers သို့မဟုတ် imposter,
လူလိမ်လူညာ အယောင်အဆောင်ပေါ့ ...။
သည်လူတွေက အင်တာနက်ပေါ်မှာတင်မက
နေရာအနှံ့မှာရှိနေနိုင်သလို
နည်းစနစ်မျိုးစုံကိုလည်း အသုံးပြုတတ်ကြတယ်။
Vishing ဆိုတာတော့ SE ရဲ့
ဟိုးအရင်ကတည်းကတည်ရှိခဲ့တဲ့
old school technique တစ်ခုပါပဲ။
Phising မှာက web ကိုအဓိကထားအသုံးပြုတယ်။
Vishing မှာက
Phone ကိုအသုံးပြုပြီး လိမ်လည်လှည့်ဖျားခြင်းပါ။
Victim ဆီဖုန်းဆက်မယ် ...
ဘယ် company ဘာရာထူးလိမ်ပြောမယ်၊
ပီးရင် ကိုယ်လိုချင်တဲ့အချက်အလက်တွေဆွဲထုတ်မယ် ဒါပါပဲ။
4. PRETEXING
===================
မြင်ဖူးပီးသားလူတွေများပါလိမ့်မယ် ...။
ဦးဦးရဲကြီးတွေ အရပ်သားအသွင်ယူပြီး
မာဆတ်ဘာညာ ဟိုအခန်းဒီအခန်းတွေဝင်ဖမ်းတာ ... :3
ဆိုရရင် impersonating(အသွင်ယူခြင်း)ပေါ့။
ပိုပြီးမြင်သာအောင် ဥပမာထပ်ပေးရရင်
ကိုယ့်အသိတစ်ယောက်ဆီက
ကိုယ့်ကို mail ပို့လာမယ် ၊ ပိုက်ဆံလိုနေလို့
ဘယ်ကိုပို့ပေးပါ ဘာညာ ....
သို့သော်တကယ်တော့ Hacker က
ကိုယ့်အသိရဲ့ mail ကိုကြို Hack ပီး
လိမ်ညာတောင်းယူနေတာမျိုး ....
Pretexing လို့ခေါ်ပါတယ်။
5. BAITING
===============
ငယ်ငယ်က စာမှာသင်ဖူးတဲ့
Troy မြို့နဲ့မြင်းရုပ်ကြီးဟာ အကောင်းဆုံးသက်သေဖြစ်ပါလိမ့်မယ်။
Trojan တွေသုံးပြီးတိုက်ခိုက်တဲ့အဆင့်တော့မရောက်ဘူးပေါ့ ...။
မက်လုံးတွေပေးပြီးဆွယ်တယ် ....။
ကံစမ်းမဲပေါက်တဲ့အတွက် ထီပေါက်တဲ့အတွက်
ပိုက်ဆံဘယ်လောက်ဘယ်လောက်ရပါတယ်။
ထုတ်ချင်ရင် ဘယ်လောက်အရင်သွင်းရပါမယ်ဘာညာ။
တချို့တွေကျတော့ အလုပ်အကိုင်နဲ့ပတ်သက်ပြီး
ဘာရမယ် ညာရမယ် မက်လုံးပေးဆွယ်တယ် ...
ဒါမှမဟုတ်လည်း Gmail နဲ့ Login ၀င်ပါ ...
သင်အိုင်ဖုန်းမဲပေါက်တယ် ..ဘာညာသာရကာ ...
Baiting ဆိုတာကတော့ ငါးစာချပြီး
တဖက်လူကိုဖျားယောင်းသွေးဆောင်ခြင်းပါ။
6. TAILGATING
=================
ပုံစံကတော့နည်းနည်းဆင်ပါတယ် ... သို့သော်
ဥပမာပေးရရင် -
Attacker အနေဲ့အဆောက်အဦတခုထဲကိုဝင်ချင်တယ်။
သို့သော် သူ့မှာဝင်ခွင့်ကဒ်မရှိသလို
အထဲရောက်ရင်တောင် ဘယ်မှသွားခွင့်လာခွင့်မရှိဘူး။
သည်အချိန်မျိုးမှာ attacker အနေနဲ့
impersonating လုပ်တာမျိုးမဟုတ်ပဲ
ခေါင်းဆောင်ပိုင်းလူတစ်ယောက်ကိုအသုံးချပြီး
ရအောင်ဝင်တာမျိုး ၊
ခေါင်းဆောင်ပိုင်းလူရဲ့အကူအညီကို
လှည့်ဖျားယူပြီး သော့ကတ်တွေပွားတာ ၊
ခိုးယူတာမျိုးကိုဆိုလိုပါတယ်။
7. QUID PRO QUO
==================
Latin ဘာသာစကားပါ ...
အင်္ဂလိပ်လိုဆိုရင်တော့ this for that ...
အပေးအယူဆိုတာမျိုးပေါ့ ...ဒါပေးရင်ဒါရမယ်။
မြန်မာကာားတွေထဲမှာဆို
အလုပ်ရှင်သူဌေးနဲ့ အလုပ်သမားမိန်းကလေး။
နင်င့ါကို ဒါပေးရင်
နင့်ကိုငါ ဒီရာထူးပေးမယ်ဆိုပီးမြှူဆွယ်တဲ့ပုံစံမျိုး။
တခါတလေမှာတော့ ...
Attack ဟာ သူ့အနေနဲ့ တဖက်လူရဲ့
ဘယ်ပြသနာ ဘယ်ပြသနာကိုတော့ရှင်ပေးမယ် ...
ပီးရင် သူလိုချင်တဲ့ဘယ်အချက်အလက်ကိုတော့ပြောပြရမယ်ဆိုပြီး
တောင်းဆိုတတ်ပါတယ် ....။
ဟီလာရီကလင်တန်ကိစ္စမှာတောင်
QUID PRO DUO နဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ကြားခဲ့သေးတယ်။
ဒါတွေဟာ Social Engineering Technique တွေထဲက
သိခဲ့ဖူးသလောက်ပါ ....။
===========================
How to protect yourself?
===========================
အပေါ်မှာပြောခဲ့ဖူးသလိုပဲ ...
အဓိကအားဖြင့် စိတ်ကိုလှည့်စားတာဆိုတော့ ...
ကိုယ့်အတွက်သိကောင်းလွန်းနေတဲ့အရာတွေ ၊
ကိုယ့်လောဘကိုနှိုးဆွနိုင်တဲ့ရလာဒ်တွေ ...
ဒါတွေကြုံလာရင်သတိထားပါ ....။
Email, Account Login ၀င်တဲ့အခါ
Phone ထဲကနေမေးလို့ဖြေရတဲ့အခါမျိုးမှာ
ကိုယ်အင်ဖိုပေးရမယ့်နေရာဟာ
အစစ်အမှန်ဖြစ်ကြောင်းကျိန်းသေအောင်လုပ်ပါ။
website ဆိုရင်လည်း url စစ်တာပဲဖြစ်ဖြစ်
(ဒါတောင် dns attacking technique နဲ့ဆို
သိဖို့မလွယ်သေးဘူး )
Company ကဆက်တာဆိုရင်လည်း
Company အထောက်အထားခိုင်လုံအောင်စစ်တာပဲဖြစ်ဖြစ်
ပြုလုပ်သင့်ပါတယ် ....။
သတိထားရမယ့်အချက်ကတော့
Company တွေဟာ user ဆီက
password လိုအရာမျိုး အရေးကြီးတဲ့သတင်းအချက်အလက်မျိုးကို
တောင်းယူခဲပါတယ် ...။
အကယ်၍တောင်းယူခဲ့ရင်လည်း
ပီးပီးရော ဖုန်းနဲ့တောင်းလေ့မရှိတာသတိထားပါ။
Account ရဲ့ Security Question တွေကို
ပေါ်လွင်ထင်ရှားမှုမရှိအောင်ထားပါ။
ဥပမာ - account password မေ့လို့ Reset ချချင်ရင်
ဖြေပေးရမယ့် Question မျိုးမှာ
What is your hometown? ဆိုတာကို
ကိုယ့်ရဲ့တကယ့်မွေးရပ်မြေဖြည့်ထားတာမျိုး ...
အကယ်၍ အခြားတစ်ယောက်ယောက်က
ကိုယ့်မွေးရပ်မြေကိုသိထားရင်
အလွယ်တကူ Password reset ချသွားနိုင်လို့ပါ။
ပြီးတော့ Website တွေ ...
ကိုယ်ဘယ်ဆိုက်သွားတယ် ၊ ဘာဒေါင်းလုတ်ဆွဲတယ်ဆိုတာ
အမြဲသတိရှိနေပါစေ ...
Malware, Virus စသည်ဖြင့် အချိန်မရွေးပါလာနိုင်ပါတယ်။
Company ကြီးတွေအနေနဲ့လည်း
မိမိဝန်ထမ်းတွေကို SE Attack နဲ့ပတ်သက်လို့
ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် အသိပညာပေးကြပါ။
Old School way ဖြစ်တဲ့ ...
memory stick လေးတချောင်းအရင်းပြုပြီး
Company ကြီးရဲ့ Sensative Data တွေသယ်ထုတ်တာ ...
ခုထက်ထိအလုပ်ဖြစ်နေပါသေးတယ် ... ကိုယ်တွေ့ပါ .... :3
Social Engineering Attack နဲ့ပတ်သက်လာရင်
နည်းလမ်းတွေကတော့ တခုတည်းလည်းဟုတ်ရင်ဟုတ်မယ် ..
နှစ်ခုသုံးခုပေါင်းထားတာတွေ ..
အသစ်အသစ်တီထွင်ဖန်တီးတာတွေဖြစ်ရင်ဖြစ်မယ် ...။
(SMISHING, MINING SOCIALMEDIA စသည်ဖြင့်မပြောဖြစ်ခဲ့တာတွေ ကျန်ပါသေးတယ်။ )
အမြဲသတိထားနေနိုင်မှ တော်ကာကျပါလိမ့်မယ် ....။
စကားမစပ် ...
မင်္ဂလာနံနက်ခင်းပါဗျာ .....
REF: FOSSBYTE
Credit - Pyae Sone Thura Maung Maung
ယခုလို ဗဟုသုတရဖွယ် အကြောင်းအရာလေတွေကို ဖတ်ချင်ရင်တော့ page လေးကို see first ထားပြီး ကျနော့် blog လေးမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်
Blog👉http://sisyannaing.blogspot.com

Comments
Post a Comment