စာမေးပွဲ ဖြစ်ပေါ်လာပုံသမိုင်း
#စာမေးပွဲဘယ်လိုပေါ်လာတာလဲ
ခုချိန်မှာ ဆယ်တန်းစာမေးပွဲတွေရော တက္ကသိုလ်စာမေးပွဲတွေရော ဖြေရတော့မှာဆိုတော့ ကျောင်းသူ ကျောင်းသားအားလုံး ကြိုးစားနေကြရောပေါ့။ ကျောင်းသား ကျောင်းသူတွေ အကြောက်ဆုံးနဲ့ မလုပ်ချင်ဆုံးအရာတွေထဲမှာ စာမေးပွဲဖြေဆိုခြင်းဆိုတာကြီးက တစ်ခုအပါအဝင်ဖြစ်မယ်လို့ထင်ပါတယ် 😜😜
ကျောင်းသား ကျောင်းသူ အားလုံး စာမေးပွဲသာဖြေနေရတယ် ဒီစာမေးပွဲဆိုတာကြီး ဘယ်ကဘယ်လို ပေါ်လာလဲဆိုတာ သိရအောင် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။
ပထမဆုံးစာမေးပွဲပြုလုပ်ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။ AD 605 မှာ နန်းတွင်းစာမေးပွဲတွေကို Sui Dynasty ကနေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီစာမေးပွဲတွေဟာ နန်းတွင်းအစိုးရရာထူးတွေအတွက် ကျင်းပပြုလုပ်တဲ့ စာမေးပွဲတွေပါ။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ နန်းရင်ပြင်ကြီးထဲမှာ ဖြေရတဲ့ စာမေးပွဲမျိုးတွေပေါ့။ 1905 မှာတော့ အဲ့ဒီ့ စာမေးပွဲ စနစ်ကို Qing Dynasty က ဖျက်သိမ်းပစ်ခဲ့ပါတယ်။
ဒီစာမေးပွဲစနစ်ကို သဘောကျပြီး England နိုင်ငံက 1806 ခုနှစ်မှာ ဘုရင်ရဲ့ မြို့ပြဝန်ဆောင်မှုအတွက် အတုယူအသုံးပြုခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ ပညာသင်ကြားရေး နယ်ပယ်မှာပါ စာမေးပွဲစနစ်ကို အသုံးပြုလာကြပါတယ်။ အဲ့ဒီ့မှ တစ်ဆင့် တစ်ကမ္ဘာလုံးကို စာမေးပွဲစနစ် ပြန့်သွားခဲ့တာပါ။ ဒါကတော့ စာမေးပွဲ ဖြစ်ပေါ်လာပုံ အကြောင်းလေးပါ။ ကျွန်တော်တို့ အခုဖြေဆိုနေရတဲ့ စာမေးပွဲစနစ်ကို တီထွင်ခဲ့သူကို ပြပါဆိုရင်တော့ Henry A. Fischel ပဲ ဖြစ်ပါတယ်။
Henry A. Fischel (November 20, 1913 - March 20, 2008) ဟာ အင်ဒီယာနာတက္ကသိုလ်က အရှေ့တိုင်း ဘာသာစကားနဲ့ ယဉ်ကျေးမှု ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ အင်ဒီယာနာတက္ကသိုလ်မှာရှိတဲ့ ဂျူးပညာသင်ကြားရေး ပရိုဂရမ်နဲ့ ဘာသာရေးဋ္ဌာနတို့မှာ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတော့ စာမေးပွဲကို စတင်တီထွင်သူဖြစ်ပါတယ်။
သင်သိထားတဲ့ ဗဟုသုလေးတွေကို သင့်မိတ်တွေကိုလည်း မျှဝေလိုက်ပါ။
#Genius
ယခုလိုဗဟုသုတရစရာအကြောင်းအရာလေးတွေကို ဖတ်ချင်တယ်ဆိုရင်တော့ page လေးကို like ထားပြီး အောက်ကပေးထားတဲ့ link ကနေ ကျနော့် Blog လေးမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
Blog👉http://sisyannaing.blogspot.com

Comments
Post a Comment