How to prepare for exam

How to prepare for exam
စာမေးပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲ
=====================================
          အခုဆိုရင် ဆယ်တန်းစာမေးပွဲရော တက္ကသိုလ်စာမေးပွဲတွေရော ဖြေဖို့ရာ နီးကပ်လာပြီဆိုတော့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲအတွက် ကိုယ်စီ ကိုယ်စီ ပြင်ဆင်ကြရတော့မယ့် အချိန်ရောက်လာပြီ။ အဲ့တာကြောင့် ဒီနေ့တော့ ကျနော်က စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ကြစေဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1)Timetable ဆွဲမယ်
          ပထမဆုံး လုပ်ရမှာကတော့ အချိန်ဇယားဆွဲရမှာ ဖြစ်ပါတယ်။ စာမေးပွဲနီးမှ စာကပ်လုပ်တာမျိုးက အချိန်မလောက်တာ၊ ဖိအားဒဏ်တွေခံရတာ ရှိတတ်ပါတယ်။ အခန့်မသင့်ရင် strees ဒဏ်ကြောင့် စာမေးပွဲတွင်း မူးလဲတာ နေမကောင်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ စာမေးပွဲနီးမှ ကပ်လုပ်ခြင်းကို ရှောင်ပါ။ အချိန်ကိုသေချာ အချိုးကျနစွာ စီမံပါမှ ကိုယ့်ရဲ့ ရရှိတဲ့ အချိန်နဲ့ လုပ်ရမဲ့ စာတွေ အကုန်လုံးကို ခြုံငုံသိနိုင်မှာ ဖြစ်ပါတယ်။ ဘာသာ တစ်ဘာသာတည်းကို အချိန်မကြည့်မိပဲ ဖိလုပ်မိတဲ့အခါ တခြားဘာသာတွေအတွက် အချိန်မလောက်တာ revision ပြန်ဖို့အတွက် အချိန်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Timetable ဆွဲတဲ့အခါ ဘာသာတစ်ခုချင်းဆီအတွက် စာကြည့်ချိန်ကို  မျှမျှတတထားပါ။ revision ကိုလည်း အနည်းဆုံး တစ်ခေါက်လောက်တော့ ပြန်နိုင်အောင် အချိန်ဇယားမှာထည့်ဆွဲထားပါ။ နားချိန်ကိုလည်း ထည့်သွင်းရေဆွဲထားပါ။ တချို့ကျောင်းသား ကျောင်းသူတွေ အမှတ်မှားတတ်တာတစ်ခုက အချိန်ပြည့်စာလုပ်ရင် စာရတယ်လို့ ထင်နေတတ်ကြတာပါ။ တကယ်တော့ အဲ့ဒီ့ အယူအဆက မှားယွင်းပါတယ်။ မာရသွန်ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်တဲ့အခါမှာတောင် 24 နာရီမနားတန်း လေ့ကျင့်တာမဟူတ်ပါဘူး။ ဦးနှောက်ဟာလည်း အနားပေးဖို့လိုပါတယ်။ တစ်နာရီ နှစ်နာရီလောက် စာကြည့်ပြီးတဲ့အခါ ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် နားခြင်းက သင့်ဦးနှောက်ကို ပြန်လည်လန်းဆန်းစေပြီး စာတွေကို ပိုမိုမှတ်ရလွယ်စေပါတယ်။ ဒါကြောင့် အချိန်ဇယားဆွဲတဲ့အခါ တစ်ဘာသာချင်းဆီအတွက် လေ့ကျင့်ချိန် ၊ revision အတွက် အချိန် ၊ နားချိန် တွေကို အချိုးညီညီ ပါဝင်အောင် ရေးဆွဲရပါမယ်။

(2)နေရာရှာမယ်
          စာကြည့်တဲ့အခါမှာ ကိုယ့်အတွက် စိတ်အနှောက်အယှက်ကင်းကင်းနဲ့ စာကြည့်နိုင်ဖို့ နေရာဟာလည်း အရေးကြီးပါတယ်။ အလင်းရောင်ကောင်းကောင်းနဲ့ လေကောင်း လေသန့်ဖြစ်တဲ့ နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ တချို့တွေကတော့ တိတ်တိတ်ဆိတ်ဆိတ် စာလုပ်ရတာကို ကြိုက်ကြပါတယ်။ တချို့ကတော့ နောက်ခံ သီးချင်းငြိမ့်ငြိမ့်လေးတွေ ဖွင့်ပြီး စာလုပ်ရတာကြိုက်ကြပါတယ်။ ဂိမိးတွေ TV တွေနဲ့ ဝေးတဲ့ နေရာလည်းဖြစ်သင့်ပါတယ်။ အဓိကကတော့ ကိုယ့်အတွက် အနှောက်အယှက်ကင်းကင်းနဲ့ စာအပေါ်မှာ အာရုံစိုက်နိုင်မဲ့ နေရာမျိုးဖြစ်ဖို့လိုပါတယ်။

(3)Note ရေးမှတ်ထားပါ
          စာကြည့်တဲ့အခါ အရေးကြီးတဲ့ အချက်လေးတွေ၊ ပုံသေနည်းတွေ စတာတွေကို စာရွက်တစ်ခုတည်းမှာ note ထုတ်ထားသင့်ပါတယ်။ အဲ့လိုမှတ်ထားခြင်းဖြင့် နောက်တစ်ခု revision ပြန်ကြည့်တဲ့အခါမှာ အရေးကြီးအချက်တွေကို အလွယ်တကူ မှတ်မိနိုင်သလို စာမေးပွဲခန်းထဲ ဝင်ခါနီးမှာလည်း သင်ခန်းစာအားလုံးကို note ထဲမှာတင် အကျဉ်းချုပ် မြန်မြန်ဆန်ဆန် ကြည့်ရှု့နိုင်ပါတယ်။

(4)သူငယ်ချင်းတွေ အတူတူစာလုပ်ပါ
          သူငယ်ချင်းတွေနဲ့ အတူတူစာလုပ်ခြင်းအားဖြင့် မသိတာရှိရင် အချင်းချင်း မေးမြန်းဆွေးနွေးနိုင်ပါတယ်။ ကိုယ်က သူများကို ပြန်ရှင်းပြလိုက်တဲ့ အတွက်လည်း သင်ခန်းစာတွေကို ခေါင်းထဲမှာ ပိုမိုမှတ်မိစေပါတယ်။

(5) Flash card ဖြင့်လေ့ကျင့်ခြင်း၊ မေးခွန်းဟောင်းများ ဖြေဆိုကြည့်ခြင်း
          စာရွက်လေးတွေကို စတုရန်းပုံ ညှပ်ပြီး တစ်ဖက်မှာ မေးခွန်းရေး တခြားတစ်ဖက်မှာ အဖြေရေးပြီး ဖဲကစားသလိုမွှေနှောက်ကာ ဖြေဆိုကြည့်နိုင်ပါတယ်။ ဥပမာ တစ်ဖက်မှာ ပထမမြန်မာနိုင်ငံကို မည်သူတည်ထောင်ခဲ့သနည်း လို့ မေးခွန်းလေးရေးထားပြီး စာရွက်ရဲ့ တခြားတစ်ဖက်မှာတော့ အနော်ရထာမင်းကြီးလို့ ရေးထားတာမျိုးပေါ့။ တခြား defination လေးတွေ ပုံသေနည်းလေးတွေကိုလည်း flash card လေးတွေထဲ ရေးထည့်ပြီး လေ့ကျင့်ကြည့်နိုင်ပါတယ်။ flash card လေးတွေဟာ အချိန်မရွေး နေရာမရွေး လေ့ကျင့်နိုင်ပါတယ်။ မေးခွန်းဟောင်းလေးတွေကိုလည်း ဖြေဆိုကြည့်ခြင်းအားဖြင့် မေးခွန်းပုံစံကိုလည်း လေ့လာမိပြီး ဖြစ်သလို စာမေးပွဲအတွက် လေ့ကျင့်ပြီးသားပါ ဖြစ်ပါတယ်။

(6)အစားအသောက်နဲ့ ကျန်းမာရေးဂရုစိုက်မယ်
          စာကြည့်တဲ့အခါ အစားကို သင့်တင့်ရုံစားထားတာဟာ အကောင်းဆုံးပါ။ အများကြီးစားထားတဲ့အခါ ဗိုက်လေးပြီး အိပ်ငိုက်နိုင်သလို နည်းနည်းစားထားတဲ့အခါမှာလည်း ဗိုက်ဆာပြီး စာအပေါ်မှာ အာရုံမစိုက်နိုင်တာလည်း ဖြစ်တတ်ပါတယ်။ ပြီးတော့ စာမေးပွဲတွင်း စာကြည့်ကြတဲ့အခါ ကျောင်းသာအများစုဟာ လန်းဆန်းနေဖို့ ဆိုပြီး ကော်ဖီတွေ တအားသောက်တာ လက်ဖက်သုပ်တွေစားခြင်းက တကယ်တော့ နည်းလမ်းအမှန်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ကဖိန်းဓာတ်များလွန်းတဲ့အခါ ရင်တုန်တာ ကတုန်ကယင်ဖြစ်တာကြီးတွေ ဖြစ်တတ်ပါတယ်။ ဦးနှောက်အတွက် ကောင်းစေတဲ့ အစားအစာမျိုးတွေ ရွေးစားပါ။ Vitamin D ဟာ ဦးနှောက်အတွက် အထောက်အကူဖြစ်ပါတယ်။ သစ်သီးတွေ များများစားပါ။ ငါး၊ အခွံမာသီး၊ အစေ့အဆံစားရတဲ့ အသီးမျိုး၊ ပဲအမျိုးမျိုး၊ ဒီန်ချဉ် နို့ချဉ် စတာတွေဟာလည်း ဦးနှောက်နဲ့ မှတ်ဉာဏ်အတွက် အထောက်အကူဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ အသားကောင်းကောင်းစားခြင်းကလည်း မှတ်ဉာဏ်ကောင်းစေပါတယ်။ ပြီးတော့ သကြားဓာတ်ဟာ energy level ကုန်ဆုံးမှုကို နှေးစေတဲ့အတွက် အထောက်အကူဖြစ်ပါတယ်။ ရေများများကိုလည်း သောက်ပေးသင့်ပါတယ်။ အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်ခြင်းက ဦးနှောက်အတွက် အနားကိုအနားပေးရာရောက်ပြီး စာတွေကိုများများမှတ်နိုင်စေပါတယ်။ အိပ်ရေးမဝတဲ့အခါ ကြောင်စီစီဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်းတွေဖြစ်ပြီး စာအပေါ်မှာ အာရုံမစိုက်နို်င်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

(7)စာမေးပွဲ ဖြေမယ့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားမယ
         စာမေးပွဲမှာ အသုံးပြုရမယ့် စာရေးကိရိယာ ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ စာမေးပွဲဖြေရမယ့်နေရာက ဝေးတယ်ဆို စောစောထပြီး သွားသင့်ပါတယ်။ အချိန်ကပ်ပြီး သွားတဲ့အခါ အချိန်မမှီမှာ ကြောက်ပြီး စာတွေမေ့သွားနိုင်တာမျိုးဖြစ်တတ်ပါတယ်။ စာမေးပွဲခန်း ဝင်ခန်းဝင်ခါနီးမှ စာအသစ်ကပ်ကျက်တာ အရေးတကြီး စာကြည့်တာမျိုးတွေ မလုပ်သင့်ပါဘူး။ စာမေးပွဲခန်းထဲ ဝင်တဲ့အခါ ခေါင်းတွေ ထူပူပြီး ရထားတဲ့ စာတွေပါ မေ့သွားတတ်ပါတယ်။ စာမေးပွဲခန်းထဲ မဝင်ခင် နာရီဝက်လောက်အလိုတည်းက စာမကြည့်သင့်တော်ပါဘူး။ အဲ့ဒီ့အချိနိမှာ ခေါင်းအေးအေးထားပြီး အေးအေးဆေးဆေးလေး ရပီးသား စာလေးတွေပဲ ပြန်နွေးတာမျိုးလုပ်သင့်ပါတယ်။

ညီညီမလေးများအားလုံး စာမေးပွဲအောင် အောင်ဖြေဆိုနိုင်ကြပါစေ။

Genius

Comments

Popular posts from this blog

ဖုန်း Bill hack ရအောင်

What is Y2k problem?

မြန်မာ့ဇာတ်သဘင် အပျိုတော်အကနှင့် ဆိုင်းအကြောင်းသိကောင်းစရာ အပိုင်း(၂)