Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_ 2
Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_2
Part 1 မှာတုန်းကတော့ phishing ဆိုတဲ့ နည်းကို သုံးပြီး FB acc ရယူပုံ၊ phishing ရဲ့ အလုပ်လုပ်ပုံ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို ဗဟုသုတရဖွယ် တင်ပြပြီး ဖြစ်ပါတယ်။ မဖတ်ရသေးဘူး ဆိုရင်တော့ အောက်က ပေးထားတဲ့ Link လေးကနေ ပြန်လည်သွားရောက်ဖတ်ရှု့နိုင်ပါတယ်။
Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_1
http://sisyannaing.blogspot.com/2017/01/facebook-account-hack-part-1.html?m=1
ဒီနေ့မှာတော့ Social Engineering(SE) လို့ခေါ်တဲ့ နည်းနဲ့ ပက်သက်ပြီး တင်ပြပေးချက်ပါတယ်။
Social Engineering(SE)
ဒီနည်းလမ်းကလည်း FB အကောင့် hack ရာမှာ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
တကယ်တော့ ဒီနည်းလမ်းဟာ hacking ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေါက်လာတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒီနည်းလမ်းကို အသုံးပြုဖို့ နည်းပညာဗဟုသုတ အများကြီးကိုလည်း မလိုအပ်ပါဘူး။ ဒီနည်းလမ်းဟာ အခြေခံအားဖြင့် သင် hack ချင်တဲ့ လူရဲ့ မွေးနေ့၊ သူရဲ့ ဖုမ်းနံပါတ်၊ သူ့ချစ်သူရည်စားရဲ့ ဖုန်းနံပါတ်၊ nickname တွေ၊ အမေနာမည်၊ အဖေနာမည်၊ မွေးတဲ့ မြို့ စတဲ့ အချက်အလက်တွေကို စုဆောင်းရယူခြင်း ဖြစ်ပါတယ်။
Social Engineering ဘယ်လိုအလုပ်လုပ်လဲ????
Security Question
website တော်တော်များများဟာ password မေ့လို့ပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ registeration form ဒါမှမဟုတ် အကောင့်တစ်ခုခုနဲ့ ချိတ်ထားတဲ့ email အသစ်ပြောင်းသုံးလိုတဲ့ အချိန်တွေမှာ Security Question လို့ခေါ်တဲ့ user ကဖြေနိုင်လောက်မဲ့ မေးခွန်းလေးတွေမေးတဲ့ လုပ်ဆောင်ချက်ကို ထည့်ထားပါတယ်။ မေးခွန်းအချို့ကို ဥပမာအနေနဲ့ ဖော်ပြပေးထားပါတယ်။
"What is your nickname?", "What is your 10th grade score?", "What is your native place?",
စတဲ့ မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။ အဲ့ဒီ့ မေးခွန်းတွေမှာ သင်ဖြေထားတဲ့ အချက်အလက်တွေကို တခြားလူတွေ သိသွားခဲ့မယ်ဆိုရင် သင့်အကောင့်ကို hack ဖို့ လွယ်ကူသွားပါလိမ့်မယ်။ Facebook ဟာ password ကို recovery လုပ်တဲ့အခါမှာ အဲ့ဒီ့ security question မေးတဲ့ လုပ်ဆောင်ချက်ကို ထည့်ထားပါတယ်။
Most common and Weak password
Facebook သုံးနေတဲ့ လူအချို့ဟာ တခြားလူ အလွယ်တကူခန့်မှန်းလို့ရတဲ့ password မျိုးကို သုံးစွဲတတ်ကြပါတယ်။ hack မယ့်သူဟာ Security Question သိရုံနဲ့တော့ သင့်အကောင့်ကို လွယ်လွယ်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အကောင့်ဟာ password ကို ခန့်မှန်းလွယ်တဲ့ password မျိုး ထား ထားမယ်ဆိုရင်တော့ သင့် fri ထဲက မည်သူမဆို သင့်အကောင့်ကို လွယ်လွယ်ကူကူ hack သွားနိုင်ပါတယ်။
Weak password ဆိုတာ ဘာလဲ??????
Password ကို မသိတဲ့ လူတစ်ယောက်ယောက်က အလွယ်တကူခန့်မှန်းနိုင်မယ့် password မျိုးကို ခေါ်တာပါ။ အောက်မှာ လူတစ်ချို့ရဲ့ FB မှာ အသုံးအများဆုံး password အမျိုးအစားလေးတွေကို ဖော်ပြပေးထားပါတယ်။
*ဖုန်းနံပါတ်
*Nickname / နာမည်နဲ့ မွေးနေ့
*ချစ်သူ ရည်းစာရဲ့ ဖုန်းနံပါတ် နာမည် (တချို့ တချို့အချစ်ကြီးတဲ့ သူတွေ 😝)
*ချစ်သူနှစ်ယောက်ရဲ့ နာမည်ကို ပေါင်းစပ်ပြီး ပေးထားတာမျိုး
*ဆိုင်ကယ်/ ကားနံပါတ်
*မသုံးတော့တဲ့ ဖုန်းနံပါတ်
*ချစ်စနိုးပေးထားတဲ့ နာမည်
*အရင်းနှီးဆုံးလူရဲ့ နာမည်
ဒီလို password မျိုးတွေ သင့်ဆီမှာ ရှိနေပြီ ထားမိထား ပြီ ဆိုရင်တော့ အခုချက်ချင်းပဲ သွားပြောင်းထားလိုက်ပါတော့။
Social Engineering နည်းလမ်းဖြင့် hack မခံရအောင် ဘယ်လိုကာကွယ်မလဲ
Social Engineering
Weak ဖြစ်တဲ့၊ familiar ဖြစ်တဲ့ Security Questionဆိုတာ မရှိပါဘူး။ သင်တစ်ယောက်ထဲပဲ ဒီအဖြေကို သိထားသင့်ပါတယ်။ ပြီးတော့ FB က ပေးထားတဲ့ Login Alert လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုလည်း on ထားသင့်ပါတယ်။ FB ရဲ့ Account setting ထဲက security ဆိုတဲ့ အထဲဝင်ပြီး Login alert ဆိုတဲ့ နေရာလေးမှာ on ထားပေးလိုက်ပါ။ အဲ့ဒီ့နေရာမှာ on ပေးထားခြင်းဖြင့် တခြားလူတစ်ယောက်ယောက်က တခြားဖုန်း ဒါမှမဟူတ် တခြားကွန်ပျူတာကနေ သင့်အကောင့်ထဲကို Login ဝင်လိုက်တာနဲ့ သင့်ရဲ့ ဖုန်း message ဒါမှမဟုတ် email ကနေတဆင့် သင့်ကို သတိလှမ်းပေးမှာ ဖြစ်ပြီး အဲ့တာဟာ သင်ပဲ တခြားလူဆိုရင်တော့ သင့်ဆီကနေ တခြားလူရဲ့ device ထဲက ဝင်ထားတဲ့ သင့်အကောင့်ကို logout လှမ်းလုပ်နိုင်မှာဖြစ်ပါတယ်။
Most common and weak password
ဒီနည်းလမ်းကတော့ အရမ်းလွယ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ weak password မျိုး ရင်တော့ အခုပဲ သင့်ရဲ့ password ကို ခက်ခဲတဲ့ password တစ်ခုခုနဲ့ ပြောင်းလိုက်ပါ။ strong ဖြစ်တဲ့ password ဖြစ်ဖို့အတွက်တော့ အက္ခရာ အကြီးအသေး aA Bb Cc ၊ သင်္ကေတ %$&^!@*(:/$^#&*!**၊ ကဏန်း 123446 စတဲ့ သုံးမျိုးလုံး ပါပြီး အနည်းဆုံး 8 လုံးထိ ထားရှိသင့်ပါတယ်။
Genius
Comments
Post a Comment