Posts

Showing posts from February, 2017

How to prepare for exam

How to prepare for exam စာမေးပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲ =====================================           အခုဆိုရင် ဆယ်တန်းစာမေးပွဲရော တက္ကသိုလ်စာမေးပွဲတွေရော ဖြေဖို့ရာ နီးကပ်လာပြီဆိုတော့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲအတွက် ကိုယ်စီ ကိုယ်စီ ပြင်ဆင်ကြရတော့မယ့် အချိန်ရောက်လာပြီ။ အဲ့တာကြောင့် ဒီနေ့တော့ ကျနော်က စာမေးပွဲမှာ အကောင်းဆုံး ဖြေဆိုနိုင်ကြစေဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (1)Timetable ဆွဲမယ်           ပထမဆုံး လုပ်ရမှာကတော့ အချိန်ဇယားဆွဲရမှာ ဖြစ်ပါတယ်။ စာမေးပွဲနီးမှ စာကပ်လုပ်တာမျိုးက အချိန်မလောက်တာ၊ ဖိအားဒဏ်တွေခံရတာ ရှိတတ်ပါတယ်။ အခန့်မသင့်ရင် strees ဒဏ်ကြောင့် စာမေးပွဲတွင်း မူးလဲတာ နေမကောင်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ စာမေးပွဲနီးမှ ကပ်လုပ်ခြင်းကို ရှောင်ပါ။ အချိန်ကိုသေချာ အချိုးကျနစွာ စီမံပါမှ ကိုယ့်ရဲ့ ရရှိတဲ့ အချိန်နဲ့ လုပ်ရမဲ့ စာတွေ အကုန်လုံးကို ခြုံငုံသိနိုင်မှာ ဖြစ်ပါတယ်။ ဘာသာ တစ်ဘာသာတည်းကို အချိန်မကြည့်မိပဲ ဖိလုပ်မိတဲ့အခါ တခြားဘာသာတွေအတွက် အချိန်မလောက်တာ revision ပြန်ဖို့အတွက် အချိန်မရှိတာမျိုး...

Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_ 2

Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_2           Part 1 မှာတုန်းကတော့ phishing ဆိုတဲ့ နည်းကို သုံးပြီး FB acc ရယူပုံ၊ phishing ရဲ့ အလုပ်လုပ်ပုံ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို ဗဟုသုတရဖွယ် တင်ပြပြီး ဖြစ်ပါတယ်။ မဖတ်ရသေးဘူး ဆိုရင်တော့ အောက်က ပေးထားတဲ့ Link လေးကနေ ပြန်လည်သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ Facebook Hack နည်းနှင့် ကာကွယ်နည်းများ part_1 http://sisyannaing.blogspot.com/2017/01/facebook-account-hack-part-1.html?m=1           ဒီနေ့မှာတော့ Social Engineering(SE) လို့ခေါ်တဲ့ နည်းနဲ့ ပက်သက်ပြီး တင်ပြပေးချက်ပါတယ်။  Social Engineering(SE)                      ဒီနည်းလမ်းကလည်း FB အကောင့် hack ရာမှာ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။  တကယ်တော့ ဒီနည်းလမ်းဟာ hacking ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပေါက်လာတဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒီနည်းလမ်းကို အသုံးပြုဖို့ နည်းပညာဗဟုသုတ အများကြီးကိုလည်း မလိုအပ်ပါဘူး။ ဒီနည်းလမ်းဟာ အခြေခံအားဖြင့် သင် hack ချင်တဲ့ လူရဲ့ မွေးနေ့၊ သူရဲ့...