Facebook account hack နည်းနှင့် ကာကွယ်နည်းများ part - 1
Facebook_account_hackနည်းနှင့်_ကာကွယ်နည်းများ_part_1 ကျနော်အပါအဝင် လူတိုင်း လူတိုင်းဟာ အားလပ်ချိန်ရတာနဲ့ ဖုန်းလေးကိုင် data လေးဖွင့်ပြီး facebook လေး ပွတ်နေတတ်ကြတာ ကျနော်တို့နိုင်ငံမှာ အကျင့်တစ်ခုလိုဖြစ်နေကြပါပြီ။ လူတိုင်း လူတိုင်း facebook သုံးတတ် newfeed ပွတ်တတ်ကြပေမယ့်လည်း အကောင့်ဖောက်တာတို့ lock ကျတာတို့ဆို တချို့ချို့ ဆိုင်မှာ သွားလုပ်ခိုင်းကြရပါတယ်။ ကိုယ့်အကောင့်ကို ဘယ်လို လုံခြုံအောင်ထိန်းသိမ်းရမလဲဆိုတာလည်း သိပ်မသိကြပါဘူး။ တချို့ မိန်းကလေး အကောင့်တွေကို ဟက်ပြီး ပုံတွေကို ps နဲ့ပြင်ပြီး sex page တို့ sex group တို့လိုနေရာမျိုးမှာတင်မယ်ဆိုပြီး ငွေညစ်ကြတာတွေလည်း ရှိပါတယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ပြီးပြည့်စုံတဲ့ Cyber Law ရယ်လို့ အတည်တကျမရှိသေးပါဘူး။ 66D လို့ခေါ်တဲ့ ပုဒ်မဟာ အားနည်းချက်အချို့ရှိနေပါသေးတယ်။ သင့်ကို မကောင်းကြံချင်တဲ့ လူဟာ သင့်အကောင့်ကို ဟက်ပြီး သင့်အကောင့်ကနေ နိုင်ငံရေးနဲ့ ပက်သက်တဲ့ ပို့စ်ဖြစ်ဖြစ် သူတပါးကို ထိခိုက်နစ်နာစေသော အရေးအသား ပုံမျိုးတင်ပြီးတော့ပဲဖြစ်ဖြစ် သင့်ကို ချောက်ချသွားနိုင်ပါတယ်။ ဒီချိန်မှာ ထိခိုက်နစ်နာသူက...